
The Bros 2017
Korean Movie
ဒီရုပ်ရှင်ကိုတော့ ကြည့်သင့်တဲ့အမျိုးအစားထဲထည့်လိုပါတယ် ရှေးရိုးစွဲမိသားစုတစ်စုရဲ့မြေးဖြစ်သူနှစ်ဦး တစ်ဦးက ရှေးဟောင်းအမွေအနှစ်တွေကိုလိုက်ပြီးတူးဖော်ရတာကြိုက်ပြီး ရှေးဟောင်းအမွေအနှစ်ဆရာတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးက နာမည်ကြီး စာရင်းကိုင်တစ်ယောက် ဒီလိုနဲ့အဘိုးဖြစ်သူဆုံးပါးသွားတဲ့အချိန်မှာ နှစ်ယောက်သားကိုယ်စီပြသနာတက်နေချိန်နဲ့တိုက်ဆိုင်နေပြန်ပါတယ်။ မြေးကြီးဖြစ်သူက မြန်မာပြည်မှာဂျပန်တွေမြုပ်ထားတဲ့ရတနာသိုက်ရှိတယ်ဆိုပြီး တူးဖော်မဲ့ကိရိယာတွေမှာပြီးကာမှ မြန်မာမှာပဋိပက္ခတွေဖြစ်နေတာနဲ့ပဲ ဝယ်ထားတဲ့ကိရိယာဖိုးတွေအကြွေးတင်ကုန်ပါတယ် မြေးငယ်ဖြစ်သူမှာလည်း သူ့ဘိုးဘွားပိုင်မြေကိုဖြတ်ပြီးလမ်းဖောက်ဖို့အတွက် အထက်လူကြီးကဖိအားပေးတော့မြေဂရန်ကိုယူဖို့ အဘိုးဈာပနဆီကို ညီအကိုနှစ်ယောက်ရည်ရွယ်ချက်ကိုယ်စီနဲ့လာခဲ့ကြပါတော့တယ် ဆက်ပြောရင်လည်းဇာတ်အကြောင်းကုန်တော့မှာဆိုတော့ ရုပ်ရှင်ထဲမှာပဲဆက်ကြည့်လိုက်တော့နော်
